ခွန်သန်းအောင်
.
ကလောမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ အောင်ပန်း-ပင်လောင်း
လမ်းခွဲအနီး၊ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ယနေ့ ဒီဇင်ဘာလ ၁၄ ရက်၊ ညနေပိုင်းက ဆိုင်ကယ်
၂ စီး တိုက်မိပြီး တစ်ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
.
.
ပင်လောင်းမြို့နယ်၊ မင်းဘူးကျေးရွာအုပ်စု၊ ပင်ထုံကျေးရွာနေ
သိန်းဦး (၃၀ နှစ်) မောင်းနှင်ပြီး မသဲဖြူ လိုက်ပါစီးနင်း လာသော မော်တော်ဆိုင်ကယ်သည်
ဒီဇင်ဘာလ ၁၄ ရက်၊ ညနေ ၅ နာရီခွဲ ခန့်က အောင်ပန်း ဘက်မှ ပင်လောင်းဘက်သို့ မောင်းနှင်လာစဉ်
ကလောမြို့နယ်၊ ကျောက်တန်းကျေးရွာ၊ အောင်ပန်း-ပင်လောင်းလမ်းခွဲအနီး၊ မိုင်တိုင်အမှတ်
(၇၆/၁) နှင့် (၇၆/၂) ကြား အရောက် ပင်လောင်းလမ်းခွဲဘက်သို့ ချိုးကွေ့စဉ် ပြည်ထောင်စုလမ်းမကြီး
အတိုင်း ကလောဘက်မှ အောင်ပန်းဘက်သို့ အောင်ပန်းမြို့၊ လှည်းရိုးရပ်ကွက်နေ ခွန်လှမျိုး
မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ယာဉ်မောင်း သိန်းဦးတွင်
ဝဲဘက်နားထင် သွေးထွက်ဒဏ်ရာ၊ ယာဦးခေါင်း ပိန်ချိုင့် ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊
မသဲဖြူတွင် နဖူး ဖူးယောင်ဒဏ်ရာ၊ ပါးစပ် သွေးထွက်ဒဏ်ရာနှင့် ခွန်လှမျိုးတွင် အောက်နှုတ်ခမ်း
ပေါက်ပြဲဒဏ်ရာ၊ ရှေ့သွားကျိုး၊ ညာခြေညှိုး ပေါက်ပြဲဒဏ်ရာ၊ ဝဲ/ယာဒူး နာကျင်ဒဏ်ရာများ
ရရှိခဲ့ သဖြင့် အောင်ပန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရာ သိန်းဦးမှာ ရရှိဒဏ်ရာများဖြင့်
သေဆုံး သွားခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုမှ ဆိုင်ကယ်အား မဆင်မခြင် မောင်းနှင်ပြီး
ဦးစားပေးလမ်းမှ ယာဉ်အား စောင့်ဆိုင်းခြင်း မရှိဘဲ ချိုးကွေ့မောင်းနှင်စဉ် မိမိကိုယ်တိုင်
ဒဏ်ရာရသေဆုံးစေသူ သိန်းဦးအား ကလောမြို့မရဲစခန်းတွင် ယာဉ် (ပ) ၃၅/၂၀၂၀၊
ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၃၈/၃၀၄-က အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
.
No comments:
Post a Comment