ခွန်သန်းအောင်
.
ကလောမြို့နယ်၊ ကျောက်တန်းကျေးရွာအနီး၊ အောင်ပန်း-ပင်လောင်းသွား
ကားလမ်းတွင် ယနေ့ ဒီဇင်ဘာလ ၇ ရက်၊ နေ့လယ်ပိုင်းက မော်တော်ယာဉ်နှင့် ဆိုင်ကယ်တိုက်မိပြီး
ဆိုင်ကယ်မောင်းနှင်သူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
ကလောမြို့နယ်၊ လမိုင်းကျေးရွာနေ ဟိန်းသူ (၃၀ နှစ်)
သည် ဒီဇင်ဘာလ ၇ ရက်၊ နေ့လယ် ၁၂ နာရီခန့်က LOUJIA 110 အမျိုးအစား
မော်တော်ယာဉ်ဖြင့် အောင်ပန်း-ပင်လောင်း ကားလမ်းအတိုင်း အောင်ပန်းဘက်မှ ပင်လောင်းဘက်သို့
မောင်းနှင်လာစဉ် ကျောက်တန်းကျေးရွာအနီး၊ ကလောယာခင်း ဧည့်ရိပ်သာရှေ့ လမ်းအကွေ့တွင် အရှိန်မထိန်းနိုင်ဘဲ
မျက်နှာချင်းဆိုင်မှ ပျော်ဘွယ်မြို့နေ ယာဉ်မောင်း အောင်ဗိုလ်ဗိုလ် မောင်းနှင်လာသည့်
FUSO မော်တော်ယာဉ်၏ ရှေ့ ဝဲဘက်ခြမ်းအား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
ယာဉ်တိုက်မှုကြောင့် ဟိန်းသူတွင် ဝဲဘက်နဖူး ပေါက်ပြဲဒဏ်ရာ၊
ဝဲဘက် အောက်မျက်ခမ်း ပေါက်ပြဲဒဏ်ရာ၊ ဝဲဘက်တင်ပါး ပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ၊
ဝဲဘက်နံစောင်း ပေါက်ပြဲဒဏ်ရာ၊ ဝဲ/ယာဒူးခေါင်း ပေါက်ပြဲဒဏ်ရာ၊ ယာဘက်ခြေမျက်စိ ပွန်းပဲ့ဒဏ်ရာများ
ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။
.
အဆိုပါ ယာဉ်တိုက်မှုမှ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး
မိမိကိုယ်ကို ထိခိုက်ဒဏ်ရာရသေဆုံးစေသူ ဆိုင်ကယ် ယာဉ်မောင်း ဟိန်းသူအား ကလောမြို့မရဲစခန်းတွင်
ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
.
No comments:
Post a Comment