ကွမ်းလုံမြို့နယ်တွင် ငွေကျပ်သိန်း ၃၂၀၀ တန်ဖိုးရှိ ဘိန်းညိုမှုန့်များနှင့် ခဲယမ်းများ ဖမ်းဆီးရမိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

ကွမ်းလုံမြို့နယ်တွင် ငွေကျပ်သိန်း ၃၂၀၀ တန်ဖိုးရှိ ဘိန်းညိုမှုန့်များနှင့် ခဲယမ်းများ ဖမ်းဆီးရမိ

ကွမ်းလုံမြို့နယ်တွင် ငွေကျပ်သိန်း ၃၂၀၀ တန်ဖိုးရှိ ဘိန်းညိုမှုန့်များနှင့် ခဲယမ်းများကို မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ဒီဇင်ဘာလ ၂၄ ရက်ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

.


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းလုံမြို့နယ်၊ ကွမ်းလုံ-သိန္နီသွား ကားလမ်း၊ ကန်မိန်းလမ်းဆုံ အနီး၌ သတင်းအရ TOYOTA Vigo အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရန် ရပ်တန့်ခိုင်းစဉ် ရပ်တန့်ခြင်း မရှိဘဲ နောက်ပြန်လှည့် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီးရာ ကန်မိန်းကျေးရွာ အနီးတွင် ၎င်းမော်တော်ယာဉ်အား ဂျုံးမီ(ခ)ဆန်းသီ၊ လောက်ဝူ(ခ)လီမင်ချန်(ခ)ကျော်ထွေး၊ ရန်ဖာဝမ်(ခ)ဝူသီး(ခ) ကျော်ခိုင် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မော်တော်ယာဉ်အားရှာဖွေရာ ယာဉ်၏ ရှေ့တံခါး ဝဲ/ယာအတွင်းနှင့် နောက်ကြမ်းခင်း အံဝှက်အတွင်းတို့မှ ဘိန်းညိုမှုန့် ၆၄ ကီလို၊ ၉ မမ ကျည် ၁၀၀ တောင့်နှင့် ပွိုင့် ၂၂ ကျည် ၈၀၀ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.

အဆိုပါ ဘိန်းညိုမှုန့်များခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသူများအား ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်းနှင့် ယင်းဖမ်းဆီးရမိ ဘိန်းညိုမှုန့်များသည် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့မှ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွမ်းလုံ မြို့နယ်သို့ သယ်ဆောင်ခြင်း ဖြစ်ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Journal Download

Photo of three cats