ကလောမြို့နယ်၊ ငုံးသုံကျေးရွာ၌ ဒီဇင်ဘာလ ၂၄ ရက်၊ နေ့လယ် ၁ နာရီခွဲခန့်တွင် ရေကန်တူးစဥ် မြေ ပြိုကျသဖြင့် လူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
.
သေဆုံးသူများမှာ ငုံးသုံကျေးရွာနေ ကိုကျော်လွင်၊ မမိုးမိုးနှင့် မမိမွှေးတို့ ဖြစ်ပြီး ညနေ ၄ နာရီအထိ သေဆုံးသူ ရုပ်အလောင်း ၂ ခုကိုသာ တူးဖော်တွေ့ရှိထားပြီး ကျန်အမျိုးသမီး အလောင်းကို မတွေ့ရှိသေးကြောင်း သိရသည်။
.
" လောလောဆယ် တစ်လောင်းကျန်လို့ တူးဖော် ရှာဖွေနေဆဲပါ" ဟု ယင်းနေရာတွင် ရောက်ရှိနေသည့် ကမ္ဘောဇတိုင်းသတင်းထောက်က ပြောသည်။
.
သေဆုံးသူများသည် ၄င်းတို့ပိုင် ခြံဝင်းအတွင်း၌ ရေကန် တူးဖော်နေစဥ် အနက် ၁၃ ပေခန့် အရောက်တွင် မြေသားများ ပြိုကျ ပိကာ သေဆုံးရခြင်း ဖြစ်ကြောင်း သိရသည်။
.
[Edit]
ကျန်ရှိသည့် အမျိုးသမီး ရုပ်အလောင်းကို ညနေ ၄ နာရီခွဲတွင် တွေ့ရှိပြီ ဖြစ်ကြောင်း သိရသည်။