မိုင်းထွန်း (ကျောက်မဲ)
.
လက်နက်ကိုင် ပဋိပက္ခများကြောင့်
ကျောက်မဲမြို့ပေါ်သို့ ယာယီ တိမ်းရှောင် လာကြသည့် ဒေသအတွင်းမှ ပြည်သူ အိမ်ထောင်စု
၂၈၂ စု၊ လူဦးရေ ၁၄၁၀ ဦးတို့အား
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC မှ ယနေ့ ဒီဇင်ဘာလ
၁၀ ရက်၊ နံနက် ၁၀ နာရီ အချိန်က ကျောက်မဲမြို့ ကျက်သရေဆောင် ခန်းမရှေ့တွင်
ထောက်ပံ့ငွေများ ထုတ်ပေးခဲ့ကြောင်း သိရသည်။
.
.ICRC အနေဖြင့် လက်နက်ကိုင် ပဋိပက္ခများကြောင့်
မြို့ပေါ်သို့ ယာယီ တိမ်းရှောင်လာသည့်ပြည်သူများအနက် အမှန်တကယ် အိမ်ငှားနေထိုင်ရသူများ၊
အမှန်တကယ်ခက်ခဲနေသူများအတွက် COVID-19 ကာလ ထောက်ပံ့ငွေ အဖြစ်
လူတစ်ဦးလျှင် တစ်လ ငွေကျပ် ၂၅၀၀၀ နှုန်းဖြင့် ၂ လစာ ၅ သောင်းကျပ် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း
သိရသည်။
.
အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC သည် လက်နက်ကိုင် ပဋိပက္ခကြောင့်ကျောက်မဲမြို့ပေါ်သို့ ယာယီ တိမ်းရှောင်လာသည့်
အိမ်ထောင်စု ၃၀၀ စု၊ လူဦးရေ ၁၅၉၉
ဦးခန့်ကို စက်တင်ဘာလမှ နိုဝင်ဘာ အထိ ၃ လစာ ထောက်ပံ့ပေးခဲ့ပြီးဖြစ်ကာ ထောက်ပံ့ရန်ကျန်ရှိသည့်သူများ၏
စာရင်းများကို ပြန်လည် ကောက်ယူခဲ့ပြီး ထပ်မံ ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယခု ထောက်ပံ့မှုသည်
နောက်ဆုံးအကြိမ်ထောက်ပံ့ခြင်းဖြစ်ပြီး အိမ်ထောင်စုတစ်စုလျှင် အများဆုံး
အိမ်ထောင်စုဝင် ၇ ဦးအထိသာ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း ICRC အဖွဲ့မှ မိုင်းအိုက်လော့ ထံက သိရသည်။
.