နမ္မတူမြို့နယ်တွင် တစ်ကိုယ်ရည်သုံးပစ္စည်း ၂၀ ပါ Hygiene Kit များ ထောက်ပံ့ ပေးအပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Tuesday, December 1, 2020

နမ္မတူမြို့နယ်တွင် တစ်ကိုယ်ရည်သုံးပစ္စည်း ၂၀ ပါ Hygiene Kit များ ထောက်ပံ့ ပေးအပ်

စောဦး (ရတနာမြေ)

.

နမ္မတူမြို့နယ်အခြေခံသတ္တုတွင်းလုပ်ငန်းခွင် သင်တန်း‌ကျောင်းရှိ Community Based Facility Quarantine တွင် အသွားအလာ ကန့်သတ်ထားသူများအား စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (Glad)မှ တစ်ကိုယ်ရည်သုံးပစ္စည်း ၂၀ မျိုးပါ Hygiene Kit များကို နိုဝင်ဘာလ ၃၀ ရက်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

.


နမ္မတူမြို့နယ် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ စိမ်းလန်းဘဝလူမှု ဖွံ့ဖြိုးမှုအဖွဲ့ (Glad)Women’s Lead အဖွဲ့နှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့မှ တာဝန်ရှိသူများက Quarantine ဝင်ရောက်နေသည့် အမျိုးသား ၁၅ ဦး အမျိုးသမီး ၄ ဦး စုစုပေါင်း ၁၉ ဦးတို့အတွက် တစ်ဦးလျှင် တစ်ကိုယ်ရည်သုံးပစ္စည်း ၂၀ မျိုးပါ Hygiene Kit တစ်စုံနှုန်း ထောက်ပံ့ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

.            

ထို့အတူ စိမ်းလန်းဘဝလူမှု ဖွံ့ဖြိုးမှုအဖွဲ့ (Glad)မှ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် နမ္မတူမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ PPE ဝတ်စုံ ၅ စုံ၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ၁ ဗူး၊ လက်အိတ် ၁ ဗူးနှင့် ခေါင်းစွပ် ၁ ဗူးအား လည်းကောင်း၊ မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းသို့ PPE ဝတ်စုံ ၅ စုံအား လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်းလည်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats