မင်းဇော်မင်း
.
လားရှိုးမြို့ရှိ အမှတ် (၁၆)
လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၏ အကူအညီ တောင်းခံချက်အရ UWSA “၀” တပ်ဖွဲ့က ဒီဇင်ဘာလ ၁၇ ရက် နံနက် နံနက်ပိုင်းတွင် မိုင်းပတ် “၀” ဂိတ်၌ လူကုန်ကူးခံရသော
ဗီယက်နမ်နိုင်ငံသူ ၄ ဦးအား မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့သို့
လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။
.
ဗီယက်နမ်သံရုံးမှ လူကုန်ကူးခံရသူများအား
ကူညီစုံစမ်းပေးရန် အကြောင်းကြားလာမှုအပေါ် အမှတ် (၁၆) လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်စုမှ
ဒီဇင်ဘာ ၉ ရက်တွင် “ဝ” အထူးဒေသ(၂)ဆက်ဆံရေး ရုံးသို့ အကြောင်းကြားခဲ့ရာ “ဝ”တပ်ဖွဲ့မှစုံစမ်းရာမှ
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊
ပန်ဆန်းမြို့ရှိ Tian Cheng Guest House
တွင် ရောက်ရှိနေသည့် ဗီယက်နမ် နိုင်ငံသူ Ms. Doan
Tuyet Lan, Ms LuongThi Tham, Ms Huyng Song Hiep နှင့် Ms
Pham Ngoe Binh တို့ ၄ ဦး သည် လူကုန်ကူးခံရပြီး
ရောက်ရှိနေသည်ကိုတွေ့ရှိရသဖြင့် ၎င်းတို့အား ကယ်တင်ကာ မြန်မာနိုင်ငံလူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး
ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်းသိရပါသည်။
.
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့်
နိုဝင်ဘာလအတွင်း လူကုန်ကူးခံရမှု အများဆုံးဖြစ်ပွားခဲ့ပြီး ယင်းအနက် ရှမ်းပြည်နယ်မှ
အများဆုံးဖြစ်ကာ မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး
ရဲတပ်ဖွဲ့မှထုတ်ပြန်သည့်စာရင်းအရ နိုင်ငံတစ်ဝှမ်း၌ လူကုန်ကူးမှု ၈ ကြိမ်ဖြစ်ပွားခဲ့ပြီး
ရှမ်းပြည်နယ်တွင် ၄ ကြိမ်ရှိခဲ့ကြောင်း သိရသည်။
.