သီပေါမြို့နယ်တွင် အရက်ကြောင်နေသူ အမျိုးသားတစ်ဦးက ဆိုင်ကယ် ၃ စီးအား မီးရှို့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, December 14, 2020

သီပေါမြို့နယ်တွင် အရက်ကြောင်နေသူ အမျိုးသားတစ်ဦးက ဆိုင်ကယ် ၃ စီးအား မီးရှို့

နန်းဝင်းရီ

.

ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ညောင်ကိုးပင်ကျေးရွာ၊ အကွက် (၃)တွင် ဒီဇင်ဘာလ ၁၃ ရက်၊ နေ့လယ်ပိုင်းက အရက် ကြောင်နေသူ အမျိုးသားတစ်ဦးက နေအိမ်ခြံဝင်းအတွင်းရှိ ဆိုင်ကယ် ၃ စီးအား စုပုံကာ ဓါတ်ဆီလောင်း မီးရှို့မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

.

.

ညောင်ကိုးပင်ကျေးရွာနေ စိုင်းခမ်းလူသည် အရက်ကြောင်ကာ ၎င်းမိသားစုဝင်များ၏ ဆိုင်ကယ်များကို စုပုံ၍ ဓါတ်ဆီလောင်း မီးရှို့ခဲ့ခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ဆိုင်ကယ် ၃ စီး မီးလောင်ပျက်စီးကာ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၃ သိန်း ရှိပြီး လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။

.

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ စိုင်းခမ်းလူအား သီပေါမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

.


No comments:

Post a Comment

Journal Download

Photo of three cats