မြဝင်း
.
တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့၊ ပင်တွန်ကျေးရွာအုပ်စု၊ ပထမ ပင်တွန်စာသင်တိုက်တွင် COVID-19 ရောဂါ ကာလအတွင်း ဆွမ်း အခက်အခဲ မရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်အစိုးရက ဆန်အိတ်များအား ယနေ့ ဒီဇင်ဘာလ ၁၂ ရက်၊ နံနက်တွင် အဆိုပါ စာသင်တိုက်သို့ လှူဒါန်းခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အစိုးရမှ လှူဒါန်းသည့် ဆန်အိတ် ၂၀ အား ပင်တွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ခွန်ဝိဒူရနှင့် ရပ်မိ၊ရပ်ဖများက ပထမပင်တွန်စာသင်တိုက် ဆရာတော်ဦးဇောတိကထံသို့ ပြန်လည်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
.
ပထမပင်တွန်စာသင်တိုက်တွင် ရဟန်း ၁၅ ပါးနှင့်သံမဏေ ၄၀ ပါး သီတင်းသုံးလျှက်ရှိကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အစိုးရသည် တောင်ကြီးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် COVID-19 ရောဂါ ကာလအတွင်း ဆွမ်း အခက်အခဲ မရှိစေရန် ရည်ရွယ်၍ ဆန်အိတ်များ လှူဒါန်းလျက် ရှိသည်။