အောင်ပန်းတွင် တတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့ အခမ်းအနား ပြုလုပ် - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

အောင်ပန်းတွင် တတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့ အခမ်းအနား ပြုလုပ်

မင်းဇော်မင်း

.

တတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့ အခမ်းအနားကို ကလောမြို့နယ်၊ အောင်ပန်းမြို့ရှိ ပြင်သာ ကျောင်းတိုက်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၂ ရက်ထိ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

.


အခမ်းအနားတွင် ဘွဲ့ရ ဓနုတိုင်းရင်းသား သံဃာတော်များအား ဂုဏ်ပြုလက်မှတ် ပူဇော်ပွဲနှင့် ဓနုတိုင်းရင်းသားရေးရာ အဖွဲ့ချုပ် နှစ်ပတ်လည် အထွေထွေညီလာခံ ဟူ၍ နှစ်ရက်ခွဲကာ ကျင်းပခဲ့ခြင်း ဖြစ်ပြီး အမျိုးသားနေ့အကြို အဖြစ် ပထမရက်တွင် လည်းကောင်း၊ ဓနုအမျိုးသားနေ့ အဖြစ် ဒုတိယရက်တွင် လည်းကောင်း ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

.

သံဃာတော်များအား ဂုဏ်ပြုပူဇော်ပွဲတွင် ပင်းတယမြို့၊ ရွာငယ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ က သြဝါဒ ချီးမြင့်ပေးခဲ့ပြီး ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဌ ဦးအာကာလင်း အပါအဝင် အလှူရှင်များက လှူငွေများ ပေးအပ်ကာ မြို့နယ်အသီးသီးမှ ဓနုတိုင်းရင်းသား အဘိဝံသ၊ သာသနဓဇဓမ္မာစရိယ၊ သာသနာ့တက္ကသီလဓမ္မာစရိယ၊ M.A B.A အလင်္ကာဘွဲ့ရ အရှင်မြတ် ၈၉ ပါးအား ဂုဏ်ပြုလက်မှတ်များ ဆက်ကပ် ပူဇော်ခဲ့ကြောင်း သိရသည်။

.


 

ထို့အတူ နှစ်ပတ်လည် ညီလာခံအစည်းအဝေးတွင် အလှည့်ကျ ဥက္ကဌနှင့် တွဲဘက်ဥက္ကဌ ရွေးချယ်ခြင်း၊ လုပ်ငန်းတာဝန်များ လွှဲပြောင်းရယူခြင်း၊ လုပ်ငန်းအစီရင်ခံစာများ ဖတ်ကြားခြင်း၊ ရှေ့လုပ်ငန်းစဉ်များကို တင်ပြဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

.

အဖွဲ့ဝင်မြို့နယ်များ အလိုက် အလှည့်ကျ ဥက္ကဌတာဝန်ကို ထမ်းဆောင်ရခြင်း ဖြစ်ပြီး ၂၀၂၁ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဌမှာ ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ရွာငံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင် ရရှိခဲ့သည့် စိုင်းဝဏ္ဏ ဖြစ်ပြီး ၎င်းအနေဖြင့် လွှတ်တော်ကိုယ်စားလှယ် တာဝန်များ ထမ်းဆောင်ပါက ဂုဏ်ထူးဆောင်နာယက အဖြစ် သတ်မှတ်မည် ဖြစ်ကြောင်း သိရသည်။

.


ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တာဝန် မထမ်းဆောင်ခင် ၃ လကတော့ အလှည့်ကျ ဥက္ကဌ တာဝန်ယူရမယ်ဂုဏ်ထူးဆောင် နာယကအဖြစ် သူက ၅ နှစ်လုံး အဲနေရာမှာ ထမ်းဆောင်ရမယ်၊ သူနာယက တာဝန်ယူတာနဲ့ ရွာငံက အဖွဲ့အတွင်းရေးမှူးက သူ့နေရာမှာ ဝင်ယူဖို့ ရှိမယ်။”ဟု တွဲဘက် ဥက္ကဌအဖြစ် အရွေးချယ်ခံရသူ ဦးမင်းလွင်ဦးက ပြောသည်။

.

ဗဟိုရုံးအဖွဲ့မှူး ဦးဝင်းထိန်ကလည်း လာမယ့် နှစ် ဓနုအမျိုးသားနေ့ကိုတော့ ရပ်စောက်မှာ လုပ်ဖို့ ဆုံးဖြတ်ကြပါတယ်ကိုဗစ် ရှိနေသေးရင်တော့ ခုလိုပဲ အကျဉ်းရုန်း လုပ်မှာ ဖြစ်ပြီး မရှိတော့ရင်တော့ ဒီထက် ခမ်းနားပါလိမ့်မယ်။” ဟု ပြောသည်။

.

ယင်းအခမ်းအနားသို့ ပင်းတယ၊ ရွာငံ၊ ကလော၊ တောင်ကြီး၊ နောင်ချို စသည့် မြို့နယ်များမှ အဖွဲ့ဝင် ၇ ဦးစီ တက်ရောက်ခဲ့ကြပြီး နှစ်စဉ် နတ်တော်လဆန်း ၈ ရက်ကို ဓနုအမျိုးသားနေ့ ဖြစ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

.

Journal Download

Photo of three cats