ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာရှိ စစ်ဆေးရေးဂိတ်၌ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးနေလျက် ရှိရာ ဒီဇင်ဘာလ ၁၈ ရက်၊ ညနေ ၃ နာရီခန့်တွင် ယာဉ်နောက်လိုက် တစ်ဦးထံမှ COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာမှာ ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် ကျောက်ပန်းတောင်းမြို့တွင် နေထိုင်သူ အသက် ၁၉ နှစ်အရွယ် ကုန်တင်ယာဉ်နောက်လိုက် အမျိုးသား ဖြစ်သည်။
.
လူနာအား ကလောမြို့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ပေးမည် ဖြစ်ကာ ၎င်းနှင့် ထိတွေ့မှု ရှိသူများကို အသွားအလာ ကန့်သတ်ထားပြီး ဖြစ်ကြောင်း သိရသည်။