စုလှိုင်
.
ကလောမြို့နယ် အတွင်းရှိ ကျန်းမာရေး စစ်ဆေးရေး ဂိတ်များတွင် အောက်တိုဘာလ ၃ ရက်မှ ဒီဇင်ဘာလ ၁၉ ရက်၊ ညပိုင်းထိ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၈၂ ဦးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
.
ရှမ်းပြည်နယ် အတွင်းသို့ ဝင်ရောက်လာသော ကုန်တင်ယာဥ် မောင်းနှင်သူနှင့် ယာဥ်နောက်လိုက်များ၊ မော်တော်ယာဥ်ပါသူများအား ကလောမြို့နယ်၊ နန့်ပန်တက်တွင် လည်းကောင်း၊ ရှမ်းပြည်နယ်မှ ထွက်ခွာမည့် ယာဥ်များကို ကလောမြို့ အထွက် စစ်ဆေးရေးဂိတ်တွင် လည်းကောင်း RDT ဖြင့် စစ်ဆေးစဥ် ယင်းကဲ့သို့ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ကလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
"အခုလက်ရှိ ကလောဆေးရုံမှာ ကုသနေသူ ၆ ဦး ရှိပါတယ်။" ဟု ကလောမြို့ နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ကြီးကြပ်ရေးမှူး ၂ ဒေါ်အိမွန်ထွေးက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကလောမြို့နယ်၊ နန့်ပန်တက်ဂိတ်တွင် COVID-19 ပိုးတွေ့ လူနာ ၇၀ ဦးနှင့် ကလောမြို့ အထွက် ဂိတ်တွင် ၁၂ ဦး၊ စုစုပေါင်း ၈၂ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၇၆ ဦးမှာ ဆေးရုံမှ ဆင်းခွင့် ရရှိပြီဖြစ်ကာ ၆ ဦးသာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။