တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများ ယခု ၂၀၂၁ ခုနှစ်၏ နှစ်ဆန်းပိုင်း၊ အစောဆုံး ကာလများတွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် ကြေညာခဲ့သည်။
.
တရုတ်နိုင်ငံ၊ ပေကျင်းမြို့၊ မြန်မာသံရုံးမှ မြန်မာသံအမတ်ကြီးအနေဖြင့် တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ Sinopharm ၊ Sinovac နှင့် အခြားသော ရောဂါ ကာကွယ်ရေး သုတေသနဌာနများ၊ လူပုဂ္ဂိုလ်များနှင့် တွေဆုံဆွေးနွေးမှုပေါင်း ၃၁ ကြိမ် ပြုလုပ်ခဲ့ပြီးနောက် COVID-19 ကာကွယ်ဆေးများမှာ နှစ်ဆန်းပိုင်း၊ အစောဆုံး ကာလများတွင် မြန်မာနိုင်ငံသို့ စတင် ရောက်ရှိမည့် အခြေအနေအထိ ရှိနေပြီဟု ကြေညာခဲ့ခြင်း ဖြစ်သည်။
.
အဆိုပါ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် COVID-19 ကာကွယ်ဆေးများအား အရေးပေါ်သုံးစွဲမှု (Emergency Use) အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတွင် တရုတ်အစိုးရက ခွင့်ပြုပေးခဲ့ပြီးနောက် အရေးပေါ် သုံးစွဲမှု (Emergency Use) အနေဖြင့် စတင်သုံးစွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။