COVID-19 ပိုးတွေ့ အတည်ပြုလူနာ အသစ် ၁၄၇၆ ဦး တွေ့ရှိပြီး ထပ်မံ သေဆုံးသူ ၃၁ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (ဒီဇင်ဘာလ ၁ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။
.
အဆိုပါ အတည်ပြု လူနာများ၏ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးဘဲ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဓါတ်ခွဲမှုဆိုင်ရာဌာနများ၊ ပြည်သူ့ဆေးရုံများနှင့် တပ်မတော်ဆေးရုံတို့တွင် ဓါတ်ခွဲ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၈၉၅၉ ခုအနက် ၁၄၇၆ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (ဒီဇင်ဘာလ ၁ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၉၂၁၈၉ ဦး ရှိကာ၊ ယင်းအနက် ၁၉၇၂ ဦး သေဆုံး၍ ၇၁၃၄၃ ဦးမှာ ပြန်လည် သက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်ကြောင်း သိရသည်။