COVID-19 အတည်ပြုလူနာ အသစ် ၁၁၇၀ ဦး တွေ့ရှိ၍ ​သေဆုံးသူ ၂၄ ဦး ထပ်တိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

COVID-19 အတည်ပြုလူနာ အသစ် ၁၁၇၀ ဦး တွေ့ရှိ၍ ​သေဆုံးသူ ၂၄ ဦး ထပ်တိုး

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၁၁၇၀ ဦး တွေ့ရှိပြီး ​ထပ်မံ သေဆုံးသူ  ၂၄ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (​ဒီဇင်ဘာလ ၁၄ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

.



အဆိုပါ အတည်ပြု လူနာများ၏ အ​သေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိ​သေးဘဲ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာနများ၊ ပြည်သူ့​ဆေးရုံများနှင့် တပ်မ​တော်​ဆေးရုံတို့တွင် ဓါတ်ခွဲ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၁၉၁၁၅ ခုအနက် ၁၁၇၀ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်​ကြောင်း သိရသည်။

.

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (​ဒီဇင်ဘာလ ၁၄ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၀၉၅၁၂ ဦး ရှိကာ၊ ယင်းအနက် ၂၂၉၂ ဦး သေဆုံး၍ ၈၈၁၃၁ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်​ကြောင်း သိရသည်။

Journal Download

Photo of three cats