မိုင်းထွန်း
.
ကျောက်မဲမြို့၊ အလက (၃)ရှိ Quarantine Center ၌ အသွားအလာ ကန့်သတ်ထားသည့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးထံတွင် ဒီဇင်ဘာလ ၉ ရက်က COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
အဆိုပါ COVID-19 ပိုးတွေ့ လူနာသည် မန္တလေးမြို့မှ ကျောက်မဲမြို့သို့ နိုဝင်ဘာ ၃၀ ရက်က ပြန်လည် ရောက်ရှိလာ၍ Quarantine Center ၌ အသွားအလာ အကန့်အသတ်ဖြင့် နေထိုင်သူဖြစ်ကာ ဓါတ်ခွဲနမူနာ ရယူ စစ်ဆေးစဥ် COVID-19 တွေ့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
လူနာအား ကျောက်မဲခရိုင်ဆေးရုံတွင် ဆေးကုသမှု ပေးလျက် ရှိပြီး ၎င်းနှင့် ထိတွေ့ဆက်စပ်သူ ၁၀ ဦးကို အသွားအလာ ကန့်သတ်ထားပြီး ဖြစ်ကြောင်း သိရသည်။
.
ကျောက်မဲမြို့နယ်၌ COVID-19 ပိုး တွေ့သူ စုစုပေါင်း ၁၄ ဦးရှိခဲ့ပြီ ဖြစ်ပြီး ယင်းအနက် ၁၃ ဦးမှာ ပြန်လည်သက်သာ၍ ဆေးရုံမှ ဆင်းခွင့် ရပြီ ဖြစ်ကြောင်း သိရသည်။