.
ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာရှိ စစ်ဆေးရေးဂိတ်၌ ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးနေလျက် ရှိရာ ဒီဇင်ဘာလ ၁၈ ရက်၊ နံနက် ၆ နာရီခန့်တွင် ယာဉ်မောင်း တစ်ဦးထံမှ COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာမှာ မန္တလေးမြို့မှ တောင်ကြီးမြို့သို့ မောင်းနှင်လာသည့် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့ ကားကြီးကွင်း အတွင်း နေထိုင်သူ အသက် ၄၀ နှစ်အရွယ် ကုန်တင်ယာဉ်မောင်း အမျိုးသား ဖြစ်သည်။
.
လူနာအား ကလောမြို့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှု ပေးမည် ဖြစ်ကာ ၎င်းနှင့် ထိတွေ့မှု ရှိသူများကို အသွားအလာ ကန့်သတ်ထားပြီး ဖြစ်ကြောင်း သိရသည်။