မင်းဇော်မင်း
.
ကမ္ဘာတစ်ဝှမ်း ဖြစ်ပွားနေသည့် COVID-19 ရောဂါပိုး၏ မျိုးကွဲသစ်အဖြစ် အင်္ဂလန်နိုင်ငံတွင်သာမက တောင်အာဖရိက နိုင်ငံတွင်လည်း
ထပ်မံတွေ့ရှိထားသည်ဟု ဗြိတိန်ကျန်းမာရေးဝန်ကြီး Matt Hancock
က ဒီဇင်ဘာလ ၂၃ ရက်တွင် ပြောဆိုခဲ့သည်ဟု သိရသည်။
.
.အင်္ဂလန်နိုင်ငံတွင် ပြီးခဲ့သည့် ရက်သတ္တပတ်က တွေ့ရှိခဲ့သည့်
ဗိုင်းရပ်စ်မျိုးကွဲသစ် (B1.1.7) မှာ ကူးစက်နိုင်မှု ၅၀ ရာခိုင်နှုန်းမှ
၇၀ ရာခိုင်နှုန်းအထိ ရှိကာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက အင်္ဂလန်မှ တောင်အဖရိကနိုင်ငံသို့
သွားရောက်ခဲ့သူများတွင် မျိုးဗီဇကွဲ (501.V2) ထပ်မံကူးစက်ခံရခြင်းဖြစ်သည်ဟု
Matt Hancock က ဆိုသည်။
.
ထို့အပြင် ယခုထပ်မံတွေ့ရှိသည့် ရောဂါပိုး မျိုးဗီဇကွဲသည်
ကူးစက်မှု ပိုမိုလွယ်ကူစေပြီး လူငယ်များတွင် ကူးစက် ခံရပါက ရောဂါ ပိုမိုခံစားရစေကြောင်း
သတင်းများတွင် ဖော်ပြထားသည်။
.
စင်္ကာပူနိုင်ငံရောက် Richard Myo Thant ၏ လေ့လာချက်အရ လန်ဒန်မြို့တွင် ယခင်တွေ့ရှိခဲ့သည့် COVID-19 ရောဂါပိုးသည် လူ ၁၀၀၀ တွင် ၇ ဦးသာ ကူးစက်မှု တွေ့ရှိခဲ့ရသော်လည်း B1.1.7 ကမူ လူ ၂၀ ဦးခန့်အထိ ကူးစက်မှု တွေ့ရှိခဲ့ရကာ ဒီဇင်ဘာလ ၁၅ ရက် နောက်ပိုင်းတွင်
ကူးစက်မှု ပိုမိုများပြားလာသည် ဟုဆိုသည်။
.
ထို့အပြင် ဗြိတိန်မှ ဂျပန်နိုင်ငံသို့ ဒီဇင်ဘာလ
၁၈ ရက်မှ ၂၁ ရက်အတွင်း လေကြောင်းခရီးဖြင့် ရောက်ရှိလာသူ ၅ ဦးအနက် အသက် ၆၀ အရွယ် လူတစ်ဦးတွင်
COVID-19 တွေ့ရှိခဲ့ပြီး လေဆိပ်တွင် Quarantine ထားရှိ၍ ထပ်မံ လေ့လာခဲ့ရာမှ UK မျိုးဗီဇသစ် COVID-19
ပိုး ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ရသည်ဟု သိရသည်။
.
ထို့ကြောင့် လတ်တလောတွင် ဂျပန်နိုင်ငံ၌ တင်းကြပ်သည့်
နယ်စပ်လုံခြုံရေးမူဝါဒ ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
.
Crd - Richard Myo Thant
.