.
“ မနေ့က ဆေးရုံ(စဝ်စံထွန်း)မှာ Positive ထွက်တဲ့ လူနာနဲ့ ဆက်စပ်တဲ့ ၃ ယောက်ကို Test Kit နဲ့ စစ်တာ၊ အမျိုးသမီး ၂ ယောက်မှာ ပိုးတွေ့တာ။ ထိတွေ့သူတွေကိုတော့ လိုက်ပြီး စုံစမ်းနေတုန်းပဲ။”ဟု ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
မြန်မာနိုင်ငံ တစ်ဝှမ်းတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကန့်သတ်မှု အချို့အား ဖြေလျော့မှု ပြုလုပ်ခဲ့ပြီးနောက် တောင်ကြီးမြို့တွင် ယခုရက်ပိုင်းအတွင်း COVID-19 ပိုးတွေ့ရှိသူများ ဆက်တိုက် တွေ့ရှိလာနေခြင်း ဖြစ်ပြီး ပြည်သူများ အနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်၌သာ နေထိုင်ခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ Mask ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် လက်ဆေးခြင်း စသည့် ကာကွယ်ရေး အပြုအမူများကို ဆောင်ရွက်၍ ကာကွယ်ကြရန် ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။