ခွန်သန်းအောင်
.
ကလောမြို့နယ်၊ အောင်ပန်းမြို့၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ
Quarantine Center တွင် အသွားအလာကန့်သတ် ထားသူများအနက် ၂ ဦးထံမှ
COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.အဆိုပါ ပိုးတွေ့လူနာ ၂ ဦးမှာ မြဝတီမြို့မှ ပြန်လာသူ
အသက် ၃၃ နှစ်အရွယ် အမျိုးသားနှင့် ရန်ကုန်မြို့မှ ပြန်လာသူ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ပြီး
၎င်းတို့၏ ဓါတ်ခွဲနမူနာများကို ရယူစစ်ဆေးရာတွင် ယနေ့ ဒီဇင်ဘာလ ၂၃ ရက်က ပိုးတွေ့အဖြေ ထွက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“RTD နဲ့ စစ်တုန်းက Negative
ထွက်ထားတာ အခု PCR စက်နဲ့ စစ်တော့ Positive
ဖြစ်တာပါ။ တနင်္လာနေ့က နမူနာ ယူပြီး စစ်ထားတာပါ” ဟု မိုးကုတ်ဝိပဿနာ Quarantine
Center မှ တာဝန်ရှိသူက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ယင်း ပိုးတွေ့လူနာ ၂ ဦးအား ကလောပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်တွင်
ထားရှိကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
အောင်ပန်းမြို့၊ မိုးကုတ်ဝိပဿနာဓမ္မရိပ်သာ Quarantine
Center တွင် အသွားအလာ ကန့်သတ်ထားသူ ကျား ၅၃ ဦး၊ မ ၂၅ ဦး၊ စုစုပေါင်း
၇၈ ဦး ရှိနေကြောင်း သိရသည်။
.