ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ သစ်တောရပ်ကွက်နေ အမျိုးသမီးတစ်ဦးတွင်
COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာန၏ ယနေ့ ဒီဇင်ဘာလ ၈ ရက် ထုတ်ပြန်ချက်အရ သိရသည်။
.
.အဆိုပါ ပိုးတွေ့လူနာမှာ ခရီးသွားရာဇဝင်မရှိဘဲ ပိုးတွေ့အတည်ပြုလူနာများနှင့်
ထိတွေ့မှုရှိသဖြင့် အသွားအလာ ကန့်သတ်ထားသူဖြစ်ပြီး ယမန်နေ့ ဒီဇင်ဘာလ ၇ ရက်တွင် SWAB
ရယူ၍ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာမှ COVID-19
ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
မိဘ ပြည်သူများအနေဖြင့် မိမိတို့ နေထိုင်ရာ
ဒေသအတွင်း COVID-19 ကူးစက်ပြန့်ပွားမှုမှ
ကာကွယ်နိုင်ရန်အတွက် ရပ်ဝေးမှ ပြန်လာသူများ ရှိပါက ချက်ချင်းသတင်းပေးခြင်း၊
တတ်နိုင်သမျှ မိမိနေအိမ်၌သာ နေထိုင်ခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ Mask
ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် လက်ဆေးခြင်း စသည့် ကာကွယ်ရေး
အပြုအမူများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် COVID-19 ကူးစက်ရောဂါကို ကာကွယ်နေထိုင်ကြရန် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက
တိုက်တွန်းထားသည်။
.