အားချာ
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်မှ ပထမဆုံး
COVID-19 ရောဂါပိုး တွေ့ရှိခဲ့သည့် အတည်ပြုလူနာ ၃ ဦးသည် ဆေးကုသမှု
ခံယူပြီးနောက် ယနေ့ ဒီဇင်ဘာလ ၁၅ ရက်၊ နေ့လယ်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း
သိရသည်။
.
.
ထိုကဲ့သို့ ဆေးရုံ ဆင်းခွင့်ပြုရာတွင် မိုင်းယောင်း
မြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း
ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး
မျိုးမြင့်ဦးနှင့် ဌာနဆိုင်ရာ များက
သွားရောက်ပြီး အားပေးစကား ပြောကြားခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ
လက်ထောက်ဆရာဝန် ဒေါက်တာ ဟန်စိုးက ဆေးရုံဆင်းခွင့်ရသူ ၃ ဦးကို COVID-19 ရောဂါ ကာကွယ်ရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏
ညွှန်ကြားချက်များအတိုင်း နေထိုင်ရေး တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
.
မိုင်းယောင်းမြို့နယ်ရှိ COVID-19 အတည်ပြုလူနာများကို ဝမ်ဇလီလော်ကျေးရွာ၊ မြို့နယ်ဝန်ထမ်းအိမ်ရာ ၄ ထပ်တိုက်၌
ဆေးဝါးကုသမှုပေးလျက်ရှိရာ ဒီဇင်ဘာ ၁၅ ရက်တွင် ဝမ်ဘိုး၊ ဟောင်ကွေ့နှင့်
တာလုတ်ကျေးရွာတို့မှ အတည်ပြု လူနာ ၃ ဦးကို ဆေးရုံမှဆင်းခွင့်ပြုခဲ့ခြင်းဖြစ်ပြီး
အဆိုပါဆေးရုံဆင်းခွင့်ရသူများသည် ကျန်းမာရေးကောင်းမွန်ကြကာ မိမိတို့နေအိမ်တွင် Home
Quarantine ၇ ရက် ဆက်လက်နေကြရမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ
သိရသည်။
.
အဆိုပါဆေးရုံဆင်းခွင့်ရသူများကို
မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် အဖွဲ့ဝင်များက အသင်းပိုင်မော်တော်ယာဉ်ဖြင့်
အိမ်တိုင်ရာရောက်လိုက်လံပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
.
မိုင်းယောင်းမြို့နယ်တွင် ဒီဇင်ဘာ ၄ ရက်နေ့မှစ၍ COVID-19 အတည်ပြုလူနာစတင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၄ ရက်အထိ COVID-19
ပိုးတွေ့ရှိထားသူ ၉ ဦးရှိရာမှ ယနေ့တွင် အမျိုးသမီး ၃ ဦးအား ဆေးရုံမှ
ဆင်းခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment