ရှမ်းတောင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၁၂ ဦးတွင် COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Wednesday, December 30, 2020

ရှမ်းတောင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၁၂ ဦးတွင် COVID-19 ပိုးတွေ့

ကမ္ဘောဇတိုင်း

.

တောင်ကြီးမြို့ရှိ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်) မှ တပ်ဖွဲ့ဝင် ၁၂ ဦးတွင် COVID-19 ရောဂါပိုး တွေ့ရှိထားကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

.



.

ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအနက် အနံ့ပျောက်သူများရှိကြောင်း သတင်းအရ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် RDT Test Kit ဖြင့် သွားရောက်စစ်ဆေးပေး ရာမှ ပိုးတွေ့လူနာများ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

.

“ပထမတော့ ၃ ယောက် အနံ့ပျောက်တယ်လို့ သတင်းရလို့ သွားစစ်လိုက်တော့ ၃ ယောက်လုံးက Positive ဖြစ်တယ်။ အဲဒီတော့ သူတို့ရုံးမှာရှိတဲ့ ဆက်စပ်သူတွေကို လိုက်စစ်နေတာ နောက်ထပ် ၉ ဦး ပိုးတွေ့တော့ ၁၂ ယောက် ဖြစ်သွား ပါပြီ။ စစ်တာတော့ မပြီးသေးပါဘူး” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကို က ဒီဇင်ဘာလ ၃၀ ရက်၊ နေ့လယ် ၁၂ နာရီခွဲတွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

လက်ရှိတွင် ကျန်တပ်ဖွဲ့ဝင်များနှင် ဆက်စပ်သူများအား ဆက်လက်စစ်ဆေးပေးနေဆဲဖြစ်ကြောင်း သိရသည်။

.


No comments:

Post a Comment

Journal Download

Photo of three cats