.
“ ဒီကာလမှာ အရေးယူတဲ့ ဥပဒေ ၃ မျိုး ရှိပါတယ်။ ပထမဆုံးက ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ နဲ့ အရေးယူခဲ့တာပါ။ ပုဒ်မ ၁၈၈ နဲ့ အရေးယူတာက ဥပမာ တားမြစ်ထားတာကို ဖောက်ဖျက်တာပေါ့၊ ညမထွက်ရအမိန့်ကို ဖောက်ဖျက်တာမျိုးကို အရေးယူတာပါ။”ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့် ရှိသူ ဒုတိယရဲမှူးကြီး ဝင်းသိန်းက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် အရေးယူခဲ့သည့် အမှု ၄ ခုတွင် တရားခံ ကျား ၂၄ ဦး၊ မ ၁၆ ဦး၊ ပေါင်း ၄၀ ဦး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေဖြင့် အရေးယူခဲ့သည့် အမှု ၄၄ ခုတွင် တရားခံ ကျား ၉၇ ဦး၊ မ ၄၄ ဦး၊ ပေါင်း ၁၄၁ ဦး၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၈၈ ဖြင့် အရေးယူခဲ့သည့် အမှု ၆၅ ခုတွင် တရားခံ ကျား ၂၂၁ ဦး၊ မ ၂၁ ဦး၊ ပေါင်း ၂၄၂ ဦး ဖြစ်ကြောင်း သိရသည်။