နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းတစ်ဦးထံမှ COVID-19 ပိုးတွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းတစ်ဦးထံမှ COVID-19 ပိုးတွေ့ရှိ

စုလှိုင်

.

ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ နန့်ပန်တက်ကျေးရွာ ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ယနေ့ ဒီဇင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းက ယာဉ်မောင်းတစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

အဆိုပါ ပိုးတွေ့လူနာ အမျိုးသားသည် နေပြည်တော်-တောင်ကြီးသွား Royal Express အမြန်ချောလုပ်ငန်းမှ အသက် ၂၃ နှစ် အရွယ် ယာဉ်မောင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

.

ယင်း ပိုးတွေ့လူနာ အမျိုးသားအား ကလောပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်၌ ဆေးကုသမှု ပေးသွားမည်ဖြစ်ပြီး ၎င်းနှင့်အတူ ပါလာသူ အသက် ၃၀ အရွယ် ယာဉ်နောက်လိုက်အား ကလောမြို့ရှိ ဓမ္မယာန Quarantine Center သို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

.


Journal Download

Photo of three cats