ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် တက်ရောက်ဆေးကုသမှု
ခံယူနေသော COVID-19 သံသယလူနာ အမျိုးသား တစ်ဦး ယနေ့ ဒီဇင်ဘာလ
၆ ရက်၊ နံနက်ပိုင်းက ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ကြောင်း သိရသည်။
.
.သေဆုံးသူသည် ယမန်နေ့ ဒီဇင်ဘာလ ၅ ရက်၊ ညနေပိုင်းက
တောင်ကြီး စဝ်စံထွန်းဆေးရုံသို့ ဆေးရုံ တက်ရောက်ရန် လာရောက်ရာတွင် မောပန်းခြင်း၊ ချောင်းဆိုးခြင်းများ
ရှိသည့် အတွက် သံသယလူနာအဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“မနေ့ညက ၇ နာရီလောက် စဝ်စံထွန်းကို ရောက်တော့ RDT
နဲ့ စစ်လိုက်တာ Negative ထွက်ပါတယ်။ ဒီမနက် ၉ နာရီ
လောက်မှာ ဆုံးပါတယ်။ ဆေးရုံက Report အရတော့ အဆုတ်ကင်ဆာ ဖြစ်နိုင်တယ်။
ဆီးချိုရှိတယ်။ အရက်စွဲတာ ရှိတယ်လို့ သိရတယ်” ဟု ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်
ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇဝနကိုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ သေဆုံးသူမှာ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊
ကာလိမြို့နေ အသက် ၆၅ နှစ်အရွယ် အမျိုးသားဖြစ်ပြီး အရက် စွဲလန်းစွာ သောက်သုံးတတ်သူဖြစ်ကြောင်း
သိရသည်။
.
No comments:
Post a Comment