COVID-19 အတည်ပြုလူနာ အသစ် ၈၄၈ ဦး တွေ့ရှိ၍ ​သေဆုံးသူ ၂၂ ဦး ထပ်တိုး - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

COVID-19 အတည်ပြုလူနာ အသစ် ၈၄၈ ဦး တွေ့ရှိ၍ ​သေဆုံးသူ ၂၂ ဦး ထပ်တိုး

COVID-19 ပိုး​​တွေ့ အတည်ပြုလူနာ အသစ် ၈၄၈ ဦး တွေ့ရှိပြီး ​ထပ်မံ သေဆုံးသူ ၂၂ ဦး ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ (​ဒီဇင်ဘာလ ၂၁ ရက်)၊ ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရသည်။

.



အဆိုပါ အတည်ပြု လူနာများ၏ အ​သေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိ​သေးဘဲ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)၊ ဆေးသု​တေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာ​ရေး ဓါတ်ခွဲမှုဆိုင်ရာဌာနများ၊ ပြည်သူ့​ဆေးရုံများနှင့် တပ်မ​တော်​ဆေးရုံတို့တွင် ဓါတ်ခွဲ စစ်ဆေး ပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ ၂၁၀၁၈ ခုအနက် ၈၄၈ ဦးတွင် COVID-19 ပိုး တွေ့ရှိခြင်း ဖြစ်​ကြောင်း သိရသည်။

.

မြန်မာနိုင်ငံတွင် မတ်လ ၂၃ ရက်မှ ယနေ့ (​ဒီဇင်ဘာလ ၂၁ ရက်)၊ ည ၈ နာရီထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၁၁၆၉၈၂ ဦး ရှိကာ၊ ယင်းအနက် ၂၄၆၅ ဦး သေဆုံး၍ ၉၆၆၈၅ ဦးမှာ ပြန်လည် သက်သာ၍ ​ဆေးရုံမှ ဆင်းခွင့်ရပြီ ဖြစ်​ကြောင်း သိရသည်။

Journal Download

Photo of three cats