နန့်ပန်တက်ဂိတ်နှင့် ကလောဂိတ်တွင် ယာဉ်နောက်လိုက် ၂ ဦးထံမှ COVID -19 ပိုး တွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Saturday, December 5, 2020

နန့်ပန်တက်ဂိတ်နှင့် ကလောဂိတ်တွင် ယာဉ်နောက်လိုက် ၂ ဦးထံမှ COVID -19 ပိုး တွေ့

စုလှိုင်

.

ကလောမြို့နယ်၊ နန့်ပန်တက် စစ်ဆေးဂိတ်နှင့် ကလောမြို့အထွက်ရှိ စစ်ဆေးရေးဂိတ်တို့၌ Rapid Test Kit ဖြင့် ကုန်တင်ယာဉ်မောင်းများ၊ ယာဉ် နောက်လိုက်များအား စစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိရာ ယနေ့ (ဒီဇင်ဘာလ ၅ ရက်)၊ နံနက်ပိုင်းတွင် ယာဉ်နောက်လိုက်ဦးထံမှ COVID-19 ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.


နန့်ပန်တက် ဂိတ်မှာ တစ်ယောက်။ ကလောဂိတ်မှာ တစ်ယောက်ပါ။ Contact တွေကတော့ တစ်ယောက်ဆီ ပါတယ်။ဟု ကလောမြို့နယ်ဆေးရုံမှ ဒေါက်တာ စောမြတ်သစ္စာက ကမ္ဘောဇတိုင်းသို့ ပြောသည်။

.

အဆိုပါ ကလောမြို့ စစ်ဆေးရေးဂိတ်တွင် COVID - 19 ပိုး တွေ့ရှိခဲ့သူမှာ အောင်ပန်းမှ ရန်ကုန်သို့ သွားရောက်မည့်  ကုန်တင်ယာဉ် နောက်လိုက် ဖြစ်သူ ကလောမြို့နယ်၊ ဇောတိကျေးရွာနေ အသက် ၂၄ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး နန့်ပန်တက် စစ်ဆေးရေးဂိတ်တွင် COVID - 19 ပိုး တွေ့ရှိခဲ့သူမှာ မန္တလေးမှ တောင်ကြီးသို့ သွားရောက်မည့် ကုန်တင်ယာဉ် နောက်လိုက် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နေ အသက် ၂၀ အရွယ် အမျိုးသား ဖြစ်ကြောင်း သိရသည်။

.

၎င်းတို့အား ကလောမြို့ ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှု ပေးမည် ဖြစ်ပြီး ထိတွေ့မှု ရှိသူများကို ကလောမြို့ရှိ Quarantine Center တွင် ထားရှိ၍ အသွားအလာ ကန့်သတ်ထားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Journal Download

Photo of three cats