မင်းဇော်မင်း
.
COVID-19 ရောဂါ ထိန်းချုပ်ကုသရေးလုပ်ငန်းစဉ်များတွင်
အသုံးပြုရန်အတွက် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းလား အထူးဒေသ (၄) မှ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်သို့
ယနေ့ ဒီဇင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းက ငွေကျပ် သိန်း ၁၀၀၀ လှူဒါန်းခဲ့သည်ဟု သိရသည်။
.
.လှူဒါန်းပွဲ အခမ်းအနားတွင် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်
NRPC ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က မိုင်းလား အထူးဒေသ (၄) အနေဖြင့်
ပြည်ထောင်စုမှလိုအပ်လာပါက ၎င်းတို့၏ လူ၊ စွမ်းအား၊ အရင်းအမြစ်များကို ထုတ်နုတ် သုံးစွဲပါမည်ဟု
အထူးဒေသ(၄) မိုင်းလား ဥက္ကဌ ဦးစိုင်းလင်း၏ ပြောကြားချက်သည် ယခုအခမ်းအနားတွင်
ကျပ်သိန်း ၁၀၀၀ လှူဒါန်းသည်ထက် ပြည်ထောင်စုနှင့်အတူတူပင်ဖြစ်ကြောင်း ဖော်ပြရာရောက်သည့်အတွက်
ကျေးဇူးတင်ရှိ ကြောင်း ပြောဆိုခဲ့သည်ဟု ယင်းအခမ်း အနားသို့တက်ရောက်ခဲ့သည့် NRPC အဖွဲ့ဝင်
ဦးလှမောင်ရွှေက ထံက သိရသည်။
.
“ဦးစိုင်းလင်းက ဦးသိန်းဇော်ကို လူ၊ စွမ်းအား ၊
အရင်းအမြစ်တွေကို ပြည်ထောင်စုကလိုအပ်လာရင် သုံးစွဲမယ်လို့ ပြောတာဟာ
ပြည်ထောင်စုစိတ်ဓာတ်လို့ ဦးသိန်းဇော်က ဒီအခမ်းအနားမှာ ကျေးဇူးတင်စ ကားပြောတာပါ” ဟု
ဦးလှမောင်ရွှေက ပြောသည်။
.
အဆိုပါအခမ်းအနားသို့
ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး
ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) နှင့် ဦးလှမောင်ရွှေအပါအဝင်
အကြံပေးအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်၊
မိုင်းလားအထူးဒေသ (၄)မှ ကိုယ်စားလှယ် ဦးကျော်ကျော်အောင် နှင့်အဖွဲ့ဝင်များ
တက်ရောက်ခဲ့ကြကြောင်း သိရသည်။
.