စိုင်းသိင်္ခသူ
.
နမ့်စန်မြို့နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် COVID-19 ပိုးတွေ့ အတည်ပြုလူနာ၏ လက်ကိုင်ဖုန်းအား ခိုးယူသွားသူကို ယနေ့ ဒီဇင်ဘာလ ၁၆ ရက်တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။
.
ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်၊ ညက နမ့်စန်ဆေးရုံ၊ သီးသန့်ကုသဆောင်တွင် ဆေး ကုသမှုခံယူနေသော COVID-19 လူနာ အမျိုးသားမှာ အိပ်ပျော်နေစဉ် ၎င်း၏ လက်ကိုင်ဖုန်း
အခိုး ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
.
ယင်း လက်ကိုင်ဖုန်းအား ခိုးယူသွားသူမှာ နမ့်စန်မြို့ ၊ ရပ်ကွက်(၃)နေ ကျော်သန်းလင်း ဖြစ်ပြီး ၎င်း ခိုးယူလာသည့် ဖုန်းကို အခြားသူ တစ်ဦးထံသို့ ငွေကျပ် ၈ သောင်းဖြင့် ရောင်းချခဲ့ကြောင်း၊ ယင်းနောက် ဖုန်းအား တဆင့် ဝယ်ယူထားသူက မြို့တွင်းရှိ ဖုန်းဆိုင် တစ်ခုသို့ သွားရောက်၍ Screen Lock ဖြည်ခဲ့ရာမှ စစ်ဆေး ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
.
“ ခိုးတဲ့သူကို အမှုဖွင့်မှာပါ၊ သူက ခိုးမှုနဲ့ ထောင်ကျပြီး မကြာသေးခင်ကမှ ထောင်က လွတ်လာတဲ့သူပါ။” ဟု နမ့်စန်မြို့ COVID-19 ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
.
အဆိုပါ လက်ကိုင်ဖုန်း ခိုးယူသူနှင့် ဝယ်ယူသူ ၂ ဦးတို့ကို RDT ဖြင့် စစ်ဆေးရာ ပိုးမတွေ့ (Negative) အဖြေထွက်ခဲ့ကြောင်းနှင့် ထိတွေ့မှုရှိသူများကို အသွားအလာ ကန့်သတ်ထားပြီး ဖြစ်ကြောင်း သိရသည်။