နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၄ ဦးထံမှ COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။

နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၄ ဦးထံမှ COVID-19 ပိုးတွေ့

စုလှိုင်

.

ကလောမြို့နယ်၊ ရေယားကျေးရွာအုပ်စု၊ နန့်ပန်တက် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယနေ့ ဒီဇင်ဘာလ ၄ ရက်က ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၄ ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.

.

“ဒီမနက် နန့်ပန်တက်ဂိတ်မှာ ၄ ဦး တွေ့ပါတယ်။ ယာဉ်မောင်းရော၊ ယာဉ်နောက်လိုက်ရော ပါပါတယ်” ဟု ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စန်းယုက ကမ္ဘောဇတိုင်း သို့ ပြောသည်။

.

အဆိုပါ ပိုးတွေ့လူနာများမှာ မန္တလေးမှ တောင်ကြီးသို့ လာရောက်မည့် အသက် ၄၇ နှစ်အရွယ် ယာဉ်မောင်း တစ်ဦးနှင့် အသက် ၃၉ နှစ်အရွယ် ယာဉ်နောက်လိုက် တစ်ဦး၊ ရန်ကုန်မှ တောင်ကြီးသို့ လာရောက်မည့် အသက် ၂၅ နှစ်အရွယ် ယာဉ်နောက်လိုက်တစ်ဦးနှင့် မန္တလေးမှ အောင်ပန်းသို့ လာရောက်မည့် အသက် ၆၅ နှစ်အရွယ် ယာဉ်မောင်းတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။

.

ပိုးတွေ့လူနာ အမျိုးသား ၄ ဦးအား ကလောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ပေးလျက်ရှိပြီး ၎င်းတို့နှင့် ထိတွေ့ခဲ့သူ ၃ ဦးတို့အား ကလောမြို့ရှိ Quarantine Center သို့ ပို့ဆောင်ထားကြောင်း သိရသည်။

.

Journal Download

Photo of three cats