အားချာ
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် ယနေ့ ဒီဇင်ဘာလ
၆ ရက်က COVID-19 ရောဂါ ပိုးတွေ့လူနာ အမျိုးသား ၂ ဦး ထပ်မံ တွေ့ရှိခဲ့ကြောင်း
မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
.
.အဆိုပါ ပိုးတွေ့လူနာ ၂ ဦးအနက် တစ်ဦးမှာ ဝမ်ဘိုးကျေးရွာမှ
ဒီဇင်ဘာ ၄ ရက်က ရောဂါပိုးတွေ့ရှိခဲ့သည့် အမျိုးသမီး ၏ ဖခင်ဖြစ်ပြီး ကျန်တစ်ဦးမှာ
ဟောင်ကွေ့ကျေးရွာမှ ယာဉ်နောက်လိုက်တစ်ဦးဖြစ်ကာ ၎င်းတို့ကို RDT Test Kit ဖြင့် စစ်ဆေးရာမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။
.
မိုင်းယောင်းမြို့နယ်မှာ ဒီဇင်ဘာ ၄ ရက်မှ
ဒီဇင်ဘာ ၆ ရက်အထိ ၃ ရက်အတွင်း COVID-19 အတည်ပြုလူနာ ၇ ဦး ရှိလာပြီဖြစ်ပြီး
၎င်းတို့ကို မြို့နယ်ဝန်ထမ်းအိမ်ရာ ၄ ထပ်တိုက်၌ ပို့ဆောင်ဆေးကုသမှုပေးလျက်ရှိကြောင်း
သိရသည်။
.
No comments:
Post a Comment