ခွန်သန်းအောင်
.
ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ နန့်ပန်တက်ကျေးရွာ
ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယနေ့ ဒီဇင်ဘာလ ၂၆ ရက်၊ နံနက်ပိုင်းက ကုန်တင်ယာဉ်နောက်လိုက်
တစ်ဦးထံမှ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့လူနာသည် ရန်ကုန်မြို့မှ အောင်ပန်းမြို့သို့
လာရောက်မည့် ၁၀ ဘီး ကုန်တင်ယာဉ်မှ အသက် ၁၈ နှစ် အရွယ် ယာဉ်နောက်လိုက် အမျိုးသားဖြစ်ပြီး
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ဂွေးပင်ကျေးရွာတွင် နေထိုင် သူဖြစ်ကာ ၎င်းအား
ကလောပြည်သူ့ဆေးရုံရှိ သီးသန့်လူနာကုသဆောင်တွင် ထားရှိ ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.
ထို့အတူ ပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိခဲ့သည့် ယင်းကုန်တင်ယာဉ်မှ
အသက် ၂၃ နှစ်အရွယ် ယာဉ်မောင်း အမျိုးသားကို ကလောမြို့၊ ဓမ္မယာန Quarantine သို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
.