ကမ္ဘောဇတိုင်း
.
လားရှိုးပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့်
COVID-19 ရောဂါ အတည်ပြုလူနာတစ်ဦး ယနေ့ ဒီဇင်ဘာလ ၁၀ ရက်၊ နံနက်ပိုင်းက
သေဆုံးခဲ့ကြောင်း သိရသည်။
.
.
“လားရှိုးက လူနာတစ်ဦး သေဆုံးတာ ဟုတ်ပါတယ်” ဟု ရှမ်းပြည်နယ်မြောက်ပိုင်း
ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွန့်က အတည်ပြုပြောဆိုခဲ့သည်။
.
သေဆုံးသူသည် အသက် ၃၈ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ
၆ ရက်က သီပေါ ဆေးရုံမှ လားရှိုးဆေးရုံသို့ လွှဲပြောင်းရောက်ရှိလာသူတစ်ဦးဖြစ်ကာ အူအတက်ရောင်ရောဂါအခံနှင့်
COVID-19 ရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
.
လက်ရှိ လားရှိုးပြည်သူ့ဆေးရုံတွင် COVID-19 ရောဂါဖြင့် ဆေးကုသမှု ခံယူနေသူ ၄ ဦး ကျန်ရှိနေပြီး လူနာ အားလုံး၏ ကျန်းမာရေး
ကောင်းမွန်နေသည်ဟု သိရသည်။
.
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်ကလည်း လားရှိုးဆေးရုံတွင် ဆေးကုသမှုခံယူနေသည့်
COVID-19 ပိုးတွေ့လူနာ တစ်ဦး အဆုတ်ရောင်ရောဂါအခံဖြင့်
သေဆုံးမှု ဖြစ်ပွားခဲ့ဖူးပြီး ရှမ်းပြည်နယ်တစ်ခုလုံးတွင် COVID-19 အတည်ပြု လူနာများအနက် သေဆုံးသူ ၃ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
.
No comments:
Post a Comment