စုလှိုင်
.
ကလောမြို့အထွက် စစ်ဆေးရေးဂိတ်နှင့် နန့်ပန်တက်ကျေးရွာ
စစ်ဆေးရေးဂိတ်တွင် Rapid Test Kit ဖြင့် COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေး ပေးနေစဉ် ယနေ့ ဒီဇင်ဘာလ ၃ ရက်၊ နံနက်ပိုင်းက ယာဉ်မောင်းအမျိုးသား
၂ ဦးထံက COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.“ကလောဂိတ်မှာတစ်ယောက်၊ နန့်ပန်တက်ဂိတ်မှာ တစ်ယောက်
ပိုးတွေ့တာပါ။ ကားသမားတွေပါပဲ” ဟု ကလောပြည်သူ့ဆေးရုံမှ ဒေါက်တာစောမြတ်သစ္စာက ကမ္ဘောဇတိုင်းသို့
ပြောသည်။
.
အဆိုပါ ပိုးတွေ့လူနာ များမှာ နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင်
တွေ့ရှိသည့် ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ယာဉ်လိုင်း
တစ်ခုမှ ယာဉ်မောင်းအမျိုးသားနှင့် ကလောမြို့အထွက် စစ်ဆေးရေးဂိတ် တွင် တွေ့ရှိသည့် တောင်ကြီးမြို့မှ
ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ယာဉ်မောင်းအမျိုးသားတို့ဖြစ်ကြောင်း သိရသည်။
.
ပိုးတွေ့လူနာ အမျိုးသာ ၂ ဦးအား ကလောပြည်သူ့ဆေးရုံသို့
ပို့ဆောင်ဆေးကုသမှု ပေးလျက်ရှိပြီး ၎င်းနှင့်အတူ ယာဉ်ပေါ်တွင် အတူလိုက်ပါလာသူ ၄ ဦးတို့အား ကလောမြို့၊ ဓမ္မယာန Quarantine
Center သို့ ပို့ဆောင်၍ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားကြောင်း သိရသည်။
.