နန်းစီဖောင်း
.
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ
COVID-19 ရောဂါ ဆေးကုသဆောင်တွင် စောင့်ကြပ်ဆေးကုသမှု ခံယူနေသော COVID-19
ပိုးတွေ့ အတည်ပြုလူနာတစ်ဦး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသဖြင့် ယနေ့
ဒီဇင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းတွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။
.
.ထိုသို့ ဆေးရုံ ဆင်းခွင့်ပြုရာတွင် မိုင်းယောင်းမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
လက်ထောက်ဆရာဝန် ဒေါက်တာဟန်စိုး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး
ဦးမင်းမင်းဇော်နှင့် တာဝန်ရှိသူများက COVID-19 ရောဂါ ကာကွယ်ရေးဆိုင်ရာများကို
ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့်
တပ်ဖွဲ့ဝင်များက မော်တော်ယာဉ်ဖြင့် အိမ်တိုင်ရာရောက် ကူညီပို့ဆောင်ပေးခဲ့သည်။
.
မိုင်းယောင်းတွင် COVID-19
အတည်ပြုလူနာ ၁၀ ဦးရှိရာ ဒီဇင်ဘာ ၁၅ ရက်တွင် ၃ ဦး၊ ဒီဇင်ဘာ ၁၆ ရက်တွင် ၂ ဦး၊
ဒီဇင်ဘာ ၁၇ ရက်တွင် ၂ ဦး၊ ဒီဇင်ဘာ ၂၀ ရက်တွင် တစ်ဦးနှင့် ယနေ့ ဒီဇင်ဘာလ ၂၃ ရက်တွင်
တစ်ဦးတို့ကို ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ရာ လက်ရှိတွင် COVID-19 အတည်ပြုလူနာ တစ်ဦး ကျန်ရှိနေကြောင်း သိရသည်။
.