ကမ္ဘောဇတိုင်း
.
“ဝ” အထူးဒေသ၊ ပန်ဆန်းဆေးရုံရှိ ဓါတ်ခွဲခန်းတွင် စတင်ဖွင့်လှစ်ချိန်မှ
ရက် ၂၀ အတွင်း COVID-19 အတည်ပြု လူနာ စုစုပေါင်း ၃၂ ဦး တွေ့ရှိထားကြောင်း
WSTV သတင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊
ပန်ဆန်းဆေးရုံရှိ COVID-19 ရောဂါ
ဓါတ်ခွဲစမ်းသပ်စစ်ဆေးရှာဖွေနိုင်သည့် PT/PCR စက်ကို တရုတ်နိုင်ငံ၊
ယူနန်ပြည်နယ်၊ ဖူအဲခရိုင် ကြက်ခြေနီအသင်းမှ ကူညီဆောက်လုပ် လှူဒါန်းပေးခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။
.
အဆိုပါ ဓါတ်ခွဲခန်းကို ဒီဇင်ဘာလ ၆ ရက်က တရုတ်နိုင်ငံမှ
“ဝ” အထူးဒေသ၊ ပန်ဆန်းဆေးရုံသို့ လွှဲပြောင်းပေးအပ် ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၂၆ ရက်အထိ
ယင်းဓါတ်ခွဲခန်းမှ ဓါတ်ခွဲစမ်းသပ်မှုများအနက် COVID-19 အတည်ပြု
လူနာ စုစုပေါင်း ၃၂ ဦး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ယင်း ဓါတ်ခွဲစမ်းသပ်စက်မှ ၃ နာရီတစ်ကြိမ်လျှင်
၉၂ ဦး၏ ဓါတ်ခွဲနမူနာများကို တစ်ပြိုင်နက်စစ်ဆေးပေးနိုင်ကြောင်း သိရသည်။
.