ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာရှိ စစ်ဆေးရေးဂိတ်၌ ရှမ်းပြည်နယ်သို့ ဝင်ရောက်လာသည့် မော်တော်ယာဥ်ပေါ် ပါသူများကို ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိရာ ယနေ့ ဒီဇင်ဘာလ ၂၂ ရက်၊ ညနေပိုင်းက ယာဥ်မောင်း တစ်ဦးထံတွင် COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
အဆိုပါ ပိုးတွေ့ယာဥ်မောင်းမှာ မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်နေ အသက် ၄၅ နှစ်အရွယ် အမျိုးသား ဖြစ်ကာ မန္တလေးမှ တောင်ကြီးသို့ မောင်းနှင်လာသည့် ကုန်တင်ယာဥ်ပေါ်ပါသူများကို RDT ဖြင့် စစ်ဆေးစဥ် ပိုးတွေ့ရှိခြင်း ဖြစ်ကြောင်း သိရသည်။
.
ပိုးတွေ့လူနာအား ကလောဆေးရုံတွင် ဆေးကုသမှု ပေးမည် ဖြစ်ကာ ၎င်းနှင့် ထိတွေ့မှု ရှိသည့်သူများကို Quarantine Center တွင် ထားရှိ၍ အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။