နန့်ပန်တက် စစ်ဆေးရေးဂိတ်တွင် ယာဥ်မောင်း ၁ ဦးထံမှ COVID-19 ပိုးတွေ့ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

နန့်ပန်တက် စစ်ဆေးရေးဂိတ်တွင် ယာဥ်မောင်း ၁ ဦးထံမှ COVID-19 ပိုးတွေ့

စုလှိုင် 

.

ကလောမြို့နယ်၊ နန့်ပန်တက်စစ်​ဆေး​ရေးဂိတ်၌ ရှမ်းပြည်နယ် တောင်ပိုင်းသို့ ဝင်ရောက်လာသော ယာဥ်​ပေါ်ပါသူများအား RDT ဖြင့် စစ်​ဆေး​နေလျက် ရှိရာ ယနေ့ (ဒီဇင်ဘာလ ၂၅ ရက်)၊ နံနက်ပိုင်းတွင် ယာဥ်မောင်း ၁ ဦးထံမှ COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။ 

.

" တစ်ယောက် ပိုး တွေ့တယ်။ ယာဥ်မောင်းပါ။ Contact ကလည်း တစ်ယောက်ပဲ ယာဥ်နောက်လိုက်ပါ။”ဟု ကလောမြို့နယ် အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စန်းယုက ကမ္ဘောဇတိုင်းသို့ ပြောသည်။ 

.

အဆိုပါ COVID-19 ပိုးတွေ့ရှိခဲ့သော အမျိုးသားသည် ရန်ကုန်မှ နမ့်စန်သို့ သွားရောက်မည့်  ၂၂ ဘီးတွဲယာဥ်၏ အသက် ၃၉ နှစ်အရွယ် ယာဥ်မောင်း ဖြစ်ပြီး ​ကျောက်ပန်း​တောင်းမြို့တွင် ​နေထိုင်သူ ဖြစ်​ကြောင်း သိရသည်။

.

၎င်းလူနာအား က​လော​ဆေးရုံတွင် ​ဆေးကုသမှု ​ပေးမည် ဖြစ်ကာ ထိ​တွေ့မှု ရှိ​​သော ယာဥ်နောက်လိုက်အား ကလောမြို့ Quarantine Center သို့ ပို့ဆောင်၍ အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။

Journal Download

Photo of three cats