ခွန်သန်းအောင်
.
ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ နန့်ပန်တက်ကျေးရွာ
ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယနေ့ ဒီဇင်ဘာလ ၂၃ ရက်၊ နံနက်ပိုင်းက ယာဉ်နောက်လိုက်တစ်ဦးထံမှ
COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.
အဆိုပါ ပိုးတွေ့လူနာသည် ရန်ကုန်မြို့မှ တောင်ကြီးမြို့သို့
ထွက်ခွာလာသည့် ၂၂ ဘီး ကုန်တင်ယာဉ်မှ အေးသာယာမြို့နေ အသက် ၄၁ နှစ်အရွယ် ယာဉ်နောက်လိုက်အမျိုးသားဖြစ်ပြီး
၎င်းကို ကလောပြည်သူ့ဆေးရုံရှိ သီးသန့်လူနာ ကုသဆောင်တွင် ထားရှိကုသပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
ထို့အတူ ၎င်းနှင့်အတူ လိုက်ပါလာသူ ယာဉ်မောင်းအမျိုးသားကို
ကလောမြို့၊ ဓမ္မယာန Quarantine Center တွင် ထားရှိကာ အသွားအလာ
ကန့်သတ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
.