ခွန်သန်းအောင်
.
ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ နန့်ပန်တက်ကျေးရွာ
ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယနေ့ ဒီဇင်ဘာလ ၂၂ ရက်၊ နံနက်ပိုင်းက ယာဉ်မောင်းတစ်ဦးထံမှ
COVID-19 ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.အဆိုပါ ပိုးတွေ့လူနာသည် ရန်ကုန်မြို့မှ တောင်ကြီးသို့
လာရောက်မည့် မှန်လုံယာဉ် မောင်းနှင်သည့် ရန်ကုန်မြို့နေ အသက် ၄၁ နှစ်အရွယ် ယာဉ်မောင်း အမျိုးသားဖြစ်ပြီး
၎င်းအား ကလောပြည်သူ့ဆေးရုံရှိ သီးသန့်လူနာ ကုသဆောင်တွင် ထားရှိ ဆေးကုသမှု ပေးသွားမည်ဖြစ်ကြောင်း
သိရသည်။
.
ထို့အတူ ၎င်းနှင့်အတူ လိုက်ပါလာသူ ယာဉ်နောက်လိုက်
၂ ဦးကို ကလောမြို့ရှိ ဓမ္မယာန Quarantine Center တွင် အသွားအလာ
ကန့်သတ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
.
မြန်မာနိုင်ငံဒေသအသီးသီးမှ
ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသည့် မော်တော်ယာဉ်များမှ ယာဉ်မောင်းနှင့်
ယာဉ်နောက်လိုက်များ၊ ယာဉ်ပေါ်ပါသူများကို ကလောမြို့နယ်၊
နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင်လည်းကောင်း၊ ရှမ်းပြည်နယ်မှ ထွက်ခွာမည့် ယာဉ်များကို
ကလောမြို့အထွက် စစ်ဆေးရေးဂိတ်တွင်လည်းကောင်း RDT Test Kit ဖြင့်
COVID-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးနေခြင်းဖြစ်ကြောင်း
သိရသည်။
.