.
ကလောမြို့ စစ်ဆေးရေးဂိတ်တွင် တောင်ကြီးမှ နေပြည်တော်သို့ သွားရောက်မည့် ယာဉ်မောင်း တစ်ဦးထံတွင် ဒီဇင်ဘာလ ၅ ရက်၊ ၈ နာရီခန့်က COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
ယင်း ပိုးတွေ့သူမှာ မန္တလေးမြို့နေ အသက် ၄၂ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး ၎င်းအား ကလော ဆေးရုံတွင် ဆေးကုသမှု ပေးမည် ဖြစ်ကြောင်း သိရသည်။
.
ကလောမြို့နယ်ရှိ ကလောစစ်ဆေးရေးဂိတ်နှင့် နန့်ပန်တက် စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT ဖြင့် COVID-19 ရှိ/မရှိ စစ်ဆေးလျက် ရှိရာ ယနေ့တွင် ပိုးတွေ့သူ ၃ ဦး ရှိခဲ့ကြောင်း သိရသည်။
.
#KBZTai #Shan #News #KhunThanAung
.
No comments:
Post a Comment