မိုင်းတုံတွင် ယာဉ်နောက်လိုက် တစ်ဦးထံမှ COVID-19 ပိုး တွေ့ရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

မိုင်းတုံတွင် ယာဉ်နောက်လိုက် တစ်ဦးထံမှ COVID-19 ပိုး တွေ့ရှိ

မင်းဇော်မင်း

.

မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့အဝင်ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဒီဇင်ဘာ ၂၀ ရက်နံနက်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်းမှ လာသည့် ကုန်စိမ်းတင်ယာဉ်၏ ယာဉ်နောက်လိုက် တစ်ဦးထံမှ COVID-19 ပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

.


အဆိုပါ ကုန်စိမ်းတင်ယာဉ်၏ ယာဉ်နောက်လိုက်နှင့် ယာဉ်မောင်းတို့အား RTD ဖြင့် စစ်ဆေးစဉ် ယာဉ်နောက်လိုက် ဖြစ်သူ အသက် ၂၇ နှစ်အရွယ် အမျိုးသားတွင် COVID-19 ပိုး တွေ့ခဲ့ခြင်း ဖြစ်ပြီး လူနာအား မိုင်းတုံဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ပေးမည် ဖြစ်ကာ ထိတွေ့မှု ရှိသော ယာဉ်မောင်းအား သတ်မှတ် Quarantine Center တွင် အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။

.

သူ့အိမ်က အေးသာယာမှာ၊ မိသားစု ၃ ယောက် ရှိတယ်၊ ဒါပေမယ့် အတူမနေဘူးလို့ ပြောတယ်ညောင်ရွှေ၊ သာယာကုန်းမှာ တစ်ယောက်တည်း နေတယ်ပြောတယ်၁၈ ရက်နေ့ ညနေ ၅ နာရီက တောင်ကြီး ကုန်စိမ်းဒိုင်ကနေ ထွက်လာတာ။” ဟု မိုင်းတုံဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာ သက်ခိုင်မင်းက ပြောသည်။

.

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ်များတွင် COVID-19 ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၁၄၅ ဦး တွေ့ရှိထားပြီး လက်ရှိတွင် ၂၂ ဦးသာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

.

Journal Download

Photo of three cats