.
ရှမ်းပြည်နယ်တောင်ပိုင်းသို့ ဝင်ရောက်လာသော မော်တော်ယာဉ်များပေါ်တွင် ပါလာသူများအား ကလောမြို့နယ်၊ နန့်ပန်တက်ကျေးရွာ၌ RDT ဖြင့် စစ်ဆေးမှုများ ပြုလုပ်နေလျက် ရှိရာ ယနေ့ (ဒီဇင်ဘာလ ၂ ရက်)၊ နံနက်ပိုင်းတွင် ယာဉ်မောင်း ၁ ဦးနှင့် ယာဉ်နောက်လိုက် ၂ ဦးထံတွင် COVID-19 ပိုး တွေ့ခဲ့ကြောင်း သိရသည်။
.
“ ဒီနေ့ နန့်ပန်တက်မှာ တွေ့တာ ၃ ယောက် ရှိသွားပြီ။ သူတို့နဲ့ ထိတွေ့ခဲ့သူ ၂ ယောက်ကို ကလောမြို့က Quarantine Center မှာပဲ ထားမယ်။ ”ဟု နန့်ပန်တက် စစ်ဆေးရေးဂိတ်တွင် တာဝန်ယူ စစ်ဆေးနေသော ကလောမြို့နယ်ဆေးရုံမှ ဒေါက်တာ စောမြတ်သစ္စာက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
အဆိုပါ COVID-19 ပိုးတွေ့ရှိခဲ့သူများမှာ တောင်ကြီးမြို့သို့ သွားရောက်မည့် မော်တော်ယာဉ် နောက်လိုက် အသက် ၃၇ နှစ် အရွယ်အမျိုးသား၊ အသက် ၂၂ နှစ်အရွယ် အမျိုးသားနှင့် ယာဉ်မောင်း အသက် ၂၂ နှစ် အရွယ် အမျိုးသားတို့ ဖြစ်ပြီး ၎င်းတို့အား ကလောဆေးရုံတွင် ဆေးကုသမှု ပေးမည် ဖြစ်ကြောင်း သိရသည်။