“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် COVID-19 ပိုး တွေ့ရှိသဖြင့် အသွားအလာ ပိုမို ကန့်သတ်ထား - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်း သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် သတင်းမီဒီယာ ဖြစ်သည်။ contact; kanbawzatai.editor@gmail.com

“ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွင် COVID-19 ပိုး တွေ့ရှိသဖြင့် အသွားအလာ ပိုမို ကန့်သတ်ထား

မင်းဇော်မင်း

.

Photo - Internet

 “ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ ပန်ဆန်းမြို့သို့ တရုတ်နိုင်ငံမှ ဖြတ်သန်း ရောက်ရှိလာသူ တစ်ဦးတွင် ဒီဇင်ဘာ ၁၅ ရက်က COVID-19 ပိုး တွေ့ရှိသဖြင့် ဒေသအတွင်း အသွားအလာ ပိုမို ကန့်သတ် တင်းကြပ်ထားပြီး  မိုင်းဖျန်ကို Lockdown ချထားကြောင်း “ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းထံမှ သိရသည်။

.

တရုတ်ပြည်က ပန်ဆန်းကို ဖြတ်သန်းလာတဲ့ တစ်ယောက်မှာ ပိုးစစ်တော့ တွေ့တာ၊ သူနဲ့ ထိတွေ့သူတွေ အားလုံး ပိုးစစ်တော့ Negative ဆိုပေမယ့် Quarantine ထားတယ်၊ လမ်းတွေလည်း ပိုမိုကန့်သတ် တင်းကြပ်ထားတယ်။” ဟု ဦးညီရမ်းက ပြောသည်။

.

အဆိုပါ ရောဂါပိုး တွေ့ရှိမှုနှင့် ပတ်သက်၍ ယခင် မတ်လကတည်းက လူဝင်/ထွက် ကန့်သတ်ထားသည့် တန့်ယန်း -ပန်ဆန်း ကားလမ်းတွင် ကုန်များမှ လွဲ၍ လူအဝင် မခံတော့သော်လည်း ယခုတွင် တန့်ယန်း-ပန်ဆန်း လမ်းမ မန်မန်းဆိုင် အကျော်တွင် ကုန်များကိုပါ အဝင်မခံဘဲ ပိတ်ဆို့ထားပြီး မိုင်းဖျန်ကိုလည်း Lockdown ချထားသည်ဟု ဦးညီရမ်းထံမှ သိရသည်။

Journal Download

Photo of three cats