ကမ္ဘောဇတိုင်း
.
ကလောမြို့နယ်၊ နန့်ပန်တက်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင်
ယနေ့ ဒီဇင်ဘာလ ၁၆ ရက်က ယာဉ်မောင်း တစ်ဦးထံမှ COVID-19 ရောဂါပိုး
တွေ့ရှိခဲ့ကြောင်း သိရသည်။
.
.“နန့်ပန်တက်မှာ ပိုးတွေ့လူနာတစ်ဦး တွေ့တာ ဟုတ်ပါတယ်”
ဟု ကလောမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းယုက ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
ထို့အတူ နန့်ပန်တက်စစ်ဆေးရေးဂိတ် တာဝန်ကျ ကလောပြည်သူ့ဆေးရုံမှ
ဒေါက်တာ စောမြတ်သစ္စာကလည်း “မန္တလေးက လာတာပါ။ တစ်ယောက်ထဲ လာတာပါ။ Contact မပါပါဘူး” ဟု ပြောဆိုခဲ့သည်။
.
အဆိုပါ ပိုးတွေ့လူနာသည် မန္တလေးမှ တောင်ကြီးမြို့သို့
ထွက်ခွာလာသည့် ကုန်တင်ယာဉ်မှ အသက် ၃၅ နှစ်အရွယ် ယာဉ်မောင်း အမျိုးသားဖြစ်ပြီး နန့်ပန်တက်စစ်ဆေးရေးဂိတ်တွင်
RDT Test Kit ဖြင့် စစ်ဆေးစဉ် COVID-19 ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ပိုးတွေ့လူနာအား ကလောပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်သို့
ပို့ဆောင်ကာ ဆေးကုသမှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
.