ရှမ်းပြည်နယ်တွင် ဆေးကုသမှု ခံယူနေဆဲ COVID-19 လူနာ ၂၄၇ ဦးရှိ - Kanbawza Tai News

Breaking

ကမ္ဘောဇတိုင်းသတင်းဂျာနယ်သည် တောင်ကြီးမြို့တွင် အခြေစိုက်၍ ထုတ်ဝေခွင့်အမှတ် (မြဲ-၀၁၀၇၉)ဖြင့် ဆောင်ရွက်နေသည့် တရားဝင် သတင်းမီဒီယာ တစ်ခု ဖြစ်ပါသည်။

Monday, December 14, 2020

ရှမ်းပြည်နယ်တွင် ဆေးကုသမှု ခံယူနေဆဲ COVID-19 လူနာ ၂၄၇ ဦးရှိ

ကမ္ဘောဇတိုင်း

.

ရှမ်းပြည်နယ်တွင် ပြီးခဲ့သည့် မတ်လ ၃၀ ရက်မှ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်၊ နေ့လယ်ပိုင်းအထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ စုစုပေါင်း ၇၀၃ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၄၇ ဦးမှာ သက်ဆိုင်ရာ ဆေးရုံများ၌ ဆေးကုသမှု ခံယူ နေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ဒီဇင်ဘာလ ၁၄ ရက်၊ ညနေ ၆ နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။

.


.

အဆိုပါ ဆေးကုသမှု ခံယူနေသည့် လူနာများမှာ ရှမ်းပြည်နယ်တောင်ပိုင်းမှ ၇၉ ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၈၄ ဦးနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ၈၄ ဦး၊ စုစုပေါင်း ၂၄၇ ဦး ဖြစ်ပြီး ရှမ်းတောင်မှ ၃၅၇ ဦး၊ ရှမ်းမြောက်မှ ၅၅ ဦး၊ ရှမ်းရှေ့ မှ ၄၁ ဦးတို့သည် ရောဂါမှ ပြန်လည်သက်သာ၍ ဆေးရုံဆင်းခွင့်ရပြီဖြစ်ကာ သေဆုံးသူ ၃ ဦး ရှိခဲ့ကြောင်း သိရသည်။

.

ပြည်သူများအနေဖြင့် မိမိတို့ နေထိုင်ရာ ဒေသအတွင်း COVID-19 ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ရပ်ဝေးမှ ပြန်လာသူများ ရှိပါက ချက်ချင်းသတင်းပေးခြင်း၊ တတ်နိုင်သမျှ မိမိနေအိမ်၌သာ နေထိုင်ခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ Mask ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် လက်ဆေးခြင်း စသည့် ကာကွယ်ရေး အပြုအမူများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ကာကွယ်နိုင်ကြရန် ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။

.


No comments:

Post a Comment

Journal Download

Photo of three cats