ကမ္ဘောဇတိုင်း
.
ရှမ်းပြည်နယ်အတွင်း ပြီးခဲ့သည့် မတ်လ ၃၀ ရက်မှ ယနေ့
ဒီဇင်ဘာလ ၁၃ ရက်၊ နေ့လယ်ပိုင်းအထိ COVID-19 ပိုးတွေ့ အတည်ပြုလူနာ
စုစုပေါင်း ၆၉၁ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၂၈၃ ဦးမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ကြောင်း
ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
.
.
ယင်း လူနာများအနက် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၁၀၀
ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၁၁၈ ဦးနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ၆၅ ဦးတို့မှာ
ဆေးရုံအသီးသီး၌ ဆေးကုသမှု ခံယူနေခြင်းဖြစ်ပြီး ရှမ်းတောင်မှ ၃၃၅ ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှ
၁၃ ဦးနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ၅၉ ဦးတို့မှာ ရောဂါမှ ပြန်လည်သက်သာလာပြီဖြစ်ကာ
COVID-19 အတည်ပြုလူနာများအနက် ရှမ်းပြည်နယ်တောင်ပိုင်းမှ ၁
ဦးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၂ ဦးတို့မှာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးခဲ့ကြောင်း
သိရသည်။
.
မိဘ ပြည်သူများအနေဖြင့် မိမိတို့ နေထိုင်ရာ
ဒေသအတွင်း COVID-19 ကူးစက်ပြန့်ပွားမှုမှ
ကာကွယ်နိုင်ရန်အတွက် ရပ်ဝေးမှ ပြန်လာသူများ ရှိပါက ချက်ချင်းသတင်းပေးခြင်း၊
တတ်နိုင်သမျှ မိမိနေအိမ်၌သာ နေထိုင်ခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ Mask
ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် လက်ဆေးခြင်း စသည့် ကာကွယ်ရေး
အပြုအမူများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ကာကွယ်နိုင်ကြရန် ရှမ်းပြည်နယ်
ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက တိုက်တွန်းနှိုးဆော်ထားသည်။
.
No comments:
Post a Comment