.
ပြီးခဲ့သည့် မတ်လ ၃၀ ရက်မှ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်၊ နေ့လယ်ပိုင်းထိ ရှမ်းပြည်နယ်အတွင်း၌ COVID-19 ပိုးတွေ့ အတည်ပြုလူနာ ၆၇၆ ဦး တွေ့ရှိခဲ့ပြီး ယင်းအနက် ၃ ဦး သေဆုံး၍ ၄၀၄ ဦးမှာ ဆေးရုံမှ ဆေးခွင့် ရပြီ ဖြစ်ကာ ၂၆၉ ဦးမှာ ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း သိရသည်။
.
ရှမ်းပြည်နယ်အတွင်း COVID-19 လူနာ တွေ့ရှိမှု အနေဖြင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၄၃၂ ဦး၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၂၂ ဦး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ၁၂၂ ဦး တွေ့ရှိခဲ့ခြင်း ဖြစ်ကာ သေဆုံးသူ ၃ ဦးမှာ တောင်ပိုင်းမှ ၁ ဦး၊ မြောက်ပိုင်းမှ ၂ ဦး ဖြစ်သည်။
.
ပြည်သူများအနေဖြင့် မိမိတို့ နေထိုင်ရာ ဒေသအတွင်း COVID-19 ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရန်အတွက် ရပ်ဝေးမှ ပြန်လာသူများ ရှိပါက ချက်ချင်း သတင်းပေးခြင်း၊ တတ်နိုင်သမျှ မိမိနေအိမ်၌သာ နေထိုင်ခြင်း၊ လူစုလူဝေး ရှောင်ရှားခြင်း၊ Mask ကို စနစ်တကျ တပ်ဆင်ခြင်းနှင့် လက်ဆေးခြင်း စသည့် ကာကွယ်ရေး အပြုအမူများကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ကာကွယ်ကြရန် ရှမ်းပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက တိုက်တွန်းထားသည်။