ကမ္ဘောဇတိုင်း
.
တောင်ကြီးမြို့ရှိ အမှတ် (၁၈) ယာဉ်ထိန်းရဲ
ဒုတပ်ဖွဲ့ခွဲမှူးရုံး (ရှမ်းတောင်) မှ တပ်ဖွဲ့ဝင်နှင့် မိသားစု ၂၂ ဦးတွင် COVID-19
ရောဂါပိုး တွေ့ရှိထားပြီး ဆက်လက်စစ်ဆေးနေဆဲဖြစ်ကြောင်း ရှမ်းပြည်နယ်
ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
.
.ယာဉ်ထိန်းတပ်ဖွဲ့ဝင်များအနက် အနံ့ပျောက်သူများရှိကြောင်း
သတင်းအရ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် RDT Test Kit ဖြင့်
သွားရောက်စစ်ဆေးပေးရာမှ ပိုးတွေ့လူနာများ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
“ယာဉ်ထိန်းတပ်ဖွဲ့က ၁၃၃ ယောက်စစ်တာ ၂၂ ယောက် ပိုးတွေ့ပါတယ်။
အခု ၂၂ ယောက်မှာ ဝန်ထမ်းဘယ်လောက်၊ မိသားစုဝင် ဘယ်လောက်ဆိုတာတော့ ပြန်ခွဲနေတုန်းပါ။
သူတို့ဘေးက ပြည်နယ်ရဲရုံးက သူတွေကိုလည်း စစ်နေပါ တယ်။ စစ်ဖို့တော့ ကျန်ပါသေးတယ်” ဟု
ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သူဇာချစ်တင်က ယနေ့
ဒီဇင်ဘာလ ၃၀ ရက်၊ ညနေ ၅ နာရီအချိန်တွင် ကမ္ဘောဇတိုင်းသို့ ပြောသည်။
.
လက်ရှိတွင် အဆိုပါ အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး
(ရှမ်းတောင်) ကို အသွားအလာ ကန့်သတ်ထားပြီး ပိုးတွေ့လူနာများနှင့် ထိတွေ့ခဲ့သူများကိုလည်း
လိုက်လံစုံစမ်းဖော်ထုတ်ကာ တောင်ကြီးမြို့၊ သာသနာ့ဗိမာန်သို့ ပို့ဆောင်ပေးလျက်ရှိကြောင်း
သိရသည်။
.